Friday, August 7, 2015

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----

အောင်ခမ်း ( ရိုးရာလေး ) မှ

wan ku law

Thursday, August 6, 2015

✏Memory stick ပြုပြင်​နည်း✏

ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့
Memorystickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး
မျှဝေလိုက်ပါတယ်Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်--သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Formatချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်--No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ--ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Booticeကို Run ပါ။ အောက်မှာ ပြထားသလိုပေါ်လာပါလိမ့်မယ်။Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ရပါပြီ။စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-
★Download Bootice (100KB)★
★Download TestDisk (1.44MB)★

Wan ku law

FB Userတို့သိသင့်သော အသုံးချနည်းလမ်းများနှင့်ဗဟုသုတများF

facebook Pages အသုံးပြုပုံကို မဖော်ပြခင် Facebook Page ရဲ့ အကြောင်းကို ဦးဆုံးပြောပြချင်ပါတယ်။ Facebook Pages ဆိုတာကတော့ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနဲ့ အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ သတင်း အကြောင်းအရာတွေကို အများပြည်သူထံ ချိတ်ဆက် ဝေမျှပေးနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။Timeline တွေလိုပဲ Pages မှာ app များထည့်သွင်းခြင်း၊ သတင်း အကြောင်းအရာများတင်ခြင်း စတာတွေကို စိတ်ကြိုက်ပြင်ဆင် ပြုလုပ်နိုင်ပါတယ်။ Page ကို like ပြုလုပ်ထားသူများဟာ update တွေကို ၎င်းတို့ရဲ့ news feed တွေမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် အကြောင်းအရာတွေကို ပုံမှန်တင်ခြင်းအားဖြင့် ပရိသတ်နဲ့ အမြဲထိတွေ့ စေနိုင်မှာဖြစ်ပါတယ်။Page တစ်ခုကို ဖန်တီးရာတွင်လည်း အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း၊ အမှတ်တံဆိပ်၊ အနုပညာရှင် စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် Page တစ်ခု ဖန်တီးပြုလုပ်နိုင်ပါတယ်။အောက်ဖော်ပြပါ အချက်များကတော့ Facebook Pages ကိုအသုံးပြုလိုသူများအနေနဲ့ Page တစ်ခုကို ဖန်တီးအသုံးပြုရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အသုံးပြုနိုင်စေမယ့် အချက်များဖြစ်ပါတယ်။Timeline Cover PhotoTimeline cover ဓာတ်ပုံဟာ Facebook Pages ဒီဇိုင်းသစ်ရဲ့ အကောင်းဆုံး feature သစ်တွေထဲက တစ်ခုဖြစ် ပါတယ်။ Timeline cover ဓာတ်ပုံကို အကောင်းဆုံး အရည်အသွေးနဲ့ ပြုလုပ်လိုတယ်ဆိုရင်တော့ အသုံးပြုသူရဲ့ ဓာတ်ပုံကို 850 x 315 pixels နဲ့ ဖန်တီးပြုလုပ်ဖို့ လိုပါတယ်။ Timeline cover ဓာတ်ပုံဟာ တစ်စုံတစ်ဦးရဲ့ copyright ကို ချိုးဖောက်ပြုလုပ်ထားခြင်း၊ “40% off” “Download it at our website” စသည့် အချက်အလက်တွေ ပါဝင်ခြင်း၊ ဝက်ဘ်လိပ်စာ၊ အီးမေးလ်လိပ်စာနဲ့ Page ရဲ့ Aboutsection မှာ ဖော်ပြရမယ့် အချက်အလက်များကို ဖော်ပြခြင်း စတာတွေကို ရှောင်ကြဉ်ရပါမယ်။Timeline cover ဓာတ်ပုံကို ဖန်တီးရာမှာ အောက်ဖော်ပြပါ စိတ်ကူးအကြံဉာဏ်အတိုင်း ဖန်တီးပြုလုပ် နိုင်ပါတယ်။- မိမိရဲ့ ထုတ်ကုန်ကို အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()- မိမိရဲ့ ထုတ်ကုန်ကို အသုံးပြုသူများရဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ( ဥပမာhttps://www.facebook.com/dove)- အမှတ်တံဆိပ်ရဲ့ သမိုင်းကြောင်းကို ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()- မိမိရဲ့ ထုတ်ကုန်မှာ ပါဝင်တဲ့ အစိတ်ပိုင်းများနဲ့ ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()- မိမိရဲ့ အလုပ်ကို ကိုယ်စားပြုတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()- ထုတ်ကုန်ရဲ့ ထူးထူးခြားခြားရောင်းချရတဲ့ အချက်ကို ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()- မိမိရဲ့ လုပ်ငန်း/ဆိုင် အတွင်းပိုင်းကို လူအများတွေ့စေရန် ဖော်ပြတဲ့ ဓာတ်ပုံနဲ့ ဖန်တီးပြုလုပ်ခြင်း ()About Your PageAbout Page ကတော့ အသုံးပြုသူရဲ့ဝက်ဘ်ဆိုက်ထံ ရောက်ရှိစေမယ့် link တွေကို ထည့်သွင်းရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ယခင် Facebook Page မှာတုန်းက ဝက်ဘ်ဆိုက် link ကို ဖော်ပြလိုတဲ့အခါမှာ စာလုံး ၇၀ ပါဝင်တဲ့ About ဖော်ပြချက်တစ်ခုကို ဖန်တီးပြီး ပြုလုပ်ရပါတယ်။ အဲ့ဒီဖော်ပြချက်ဟာ page ရဲ့ ဘယ်ဘက် ခြမ်းမှာ ပေါ်ပါတယ်။ဒါပေမဲ့ ဒီဇိုင်းအသစ်ပြင်ဆင်ထားတဲ့ Facebook Page မှာတော့ About ဖော်ပြချက်ကို စာလုံးရေ ၁၇၀ နဲ့ ဖော်ပြနိုင်ပြီး၎င်းကိုTimeline နဲ့ profile ဓာတ်ပုံရဲ့ အောက်ဘက်မှာ တွေ့မြင်ရပါမယ်။About ဖော်ပြချက်ကို ပြောင်းလဲလိုတဲ့အခါမှာ Admin Panel > Edit Page > Update Info မှာရှိတဲ့ Basic Information section ရဲ့ About field မှာ သွားရောက် ပြင်ဆင်နိုင်ပါတယ်။Local Business Page များမှာတော့ About ဖော်ပြချက်အစား local အချက်အလက်တွေနဲ့ဖော်ပြနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေမှာနေရပ်လိပ်စာ၊ မြို့၊ ပြည်နယ်နဲ့ zip code တွေကို ဖျက်ထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ်ကိုလည်း ဖျက်ထားနိုင်ပါတယ်။ ၎င်းကိုBasic Information ရဲ့ ဖုန်းနံပါတ်ဘေးရှိ dropdown ကိုနှိပ်ပြီး No Phone ကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။ Website field မှာ website link ကို ထည့်သွင်းထားတဲ့အခါမှာ အသုံးပြုသူရဲ့ page မှာ website link ပေါ်လာတာကို တွေ့ရပါ မယ်။အခြား link များအနေနဲ့ အသုံးပြုသူရဲ့ social profile များဖြစ်တဲ့ Twitter နဲ့ Google+ link တို့ကို ထည့်သွင်းလိုတဲ့အခါမှာ Basic Information ရဲ့ Description, Biography တို့မှာ link များကိုထည့်လိုက်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။Status Updates & Wall PostsFacebook Page သစ်မှာ status update များနဲ့ wall post များကို ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။Page ကို တစ်လခန့် update ပြုလုပ်ခြင်းမရှိတဲ့အခါမှာ Timeline အနေနဲ့ အောက်ဖော်ပြပါပုံ အတိုင်း ဖော်ပြပါလိမ့်မယ်။ဒါကြောင့် မိမိရဲ့ page ကို အမြဲတမ်း update ဖြစ်နေအောင် ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။Page ပေါ်မှာရှိတဲ့ အချို့သော postတွေရဲ့ date ကို နောက်ပြန်သတ်မှတ်လိုတဲ့အခါမှာ page ပေါ်မှာတင် လိုက်တဲ့ post ရဲ့ ဘေးမှာရှိတဲ့ခဲတံ icon ကို နှိပ်ပြီး Change Date option မှာ ပြုလုပ်နိုင်ပါတယ်။ ပြောင်းရွှေ့ သတ်မှတ်လိုတဲ့ နေ့စွဲကို ထည့်သွင်းပြီး အတည်ပြုပြီးတဲ့အခါမှာ အဆိုပါ post အနေနဲ့ ရွေးချယ်သတ်မှတ်ထား တဲ့နေ့စွဲအတိုင်း ပြောင်းလဲသွားပါလိမ့်မယ်။ Page ကို refresh လုပ်လိုက်တဲ့အခါမှာတော့ နေ့စွဲအသစ်နဲ့ post ကိုတွေ့ရမှာ ဖြစ်ပါတယ်။Highlighting and PinningWall ပေါ်မှာ တင်လိုက်တဲ့ post မှန်သမျှကို post ရဲ့ ညာဘက်ထိပ်မှာရှိတဲ့ ကြယ်ပုံစံ highlight icon ကို နှိပ်ပြီး cloumn နှစ်ခုစလုံးမှာ ဖြန့်ထားနိုင်ပါတယ်။ Post အဟောင်းတွေကို page ရဲ့ ဘယ်ဘက်ထိပ်မှာ တိုက်ရိုက်ရွှေ့ထားလိုတဲ့အခါမှာ post ရဲ့ ညာဘက်ထိပ်မှာရှိတဲ့ ခဲတံ icon ကိုနှိပ်ပြီး Pin to Top ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ Pin to Top ပြုလုပ်တဲ့အခါမှာ post တစ်ခုတည်းကိုသာပြုလုပ်နိုင်ပါတယ်။အကယ်၍ NetworkedBlogs လိုမျိုး third-party app တစ်ခုကို အသုံးပြုပြီး Facebook Page ကို update လုပ်တဲ့အခါမှာ update တွေကို သီးခြားဖော်ပြခြင်း မရှိတာမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ update တွေကို group လုပ်ထားတဲ့အတွက်ကြောင့် သီးခြားတွေ့မြင်ရခြင်း မရှိတာ ဖြစ်ပါတယ်။ဒါပေမဲ့ အဆိုပါ update တွေကို သီးခြား ခွဲထုတ်နိုင်ပါတယ်။ Group ဖြစ်နေတဲ့ update တွေပေါ်မှာ mouse ကို တင်ပြီး ခဲတံပုံစံ icon ကို နှိပ်ပါ။ ထို့နောက် View Individual Stories ကိုနှိပ်ပါ။ Update တစ်ခုချင်းစီကိုတွေ့ရပါမယ်။Admin PanelAdmin Panel ကတော့ Facebook Page ရဲ့ လက်ရှိ လုပ်ဆောင်မှုများကို သိရှိစေရန်အတွက်ရိုးရှင်းစွာ ဖော်ပြပေးမယ့် နေရာဖြစ်ပါတယ်။Notifications မှာ Page ကို like ပြုလုပ်ထားသူများရဲ့ wall post တစ်ခုအပေါ် စိတ်ဝင်စားခြင်း၊ Post တစ်ခုတွင် tag ပြုလုပ်ခြင်း၊ Timeline ပေါ်တွင် post တင်ခြင်း စတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။New Likes ကတော့ Page ကို like လုပ်ထားသူများနဲ့ page များကိုတွေ့မြင်နိုင်စေမယ့် အကောင်းဆုံး feature တစ်ခုဖြစ်ပါတယ်။Messages ကတော့ Page ကို like ပြုလုပ်ထားသူများက ပေးပို့တဲ့ message တွေကို ဖော်ပြပေးတဲ့ နေရာ ဖြစ်ပါတယ်။ အကယ်၍ Message ခလုတ်ကို hide လုပ်ထားလိုပါက Admin Panel > Edit Page > Manage Permissions ကိုနှိပ်ပြီး “Show message button on” ဘေးက box မှာ အမှန်ခြစ် ဖြုတ်ပြီး ပြုလုပ်နိုင်ပါတယ်။အလွန်ကောင်းမွန်တဲ့ အခြား feature တစ်ခုကတော့ Facebook Page များကို Facebook သူငယ်ချင်းများထံ suggest ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ Admin Panel > Build Audience > Invite Friends ကိုနှိပ်ပြီး သူငယ်ချင်းများကို ရွေးချယ်ကာ suggest ပြုလုပ်နိုင်ပါတယ်။Edite Page option ကို Manage menu အောက်မှာရှိတဲ့ Admin Panel မှာတွေ့မြင်နိုင်ပါတယ်။ Edit Page option မှာ Update Info, Manage Permissions, Admin Roles, Manage Notifications, Use Activity Log နဲ့ See banned users option တွေကို တွေ့ရမှာဖြစ်ပါတယ်။Manage menu မှာရှိတဲ့ Admin Panel ရဲ့ Activity Log link ဟာ Facebook Page ရဲ့ timeline မှာ တင်ထားတဲ့ update အားလုံးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဆိုပါ update ရဲ့ ညာဘက်မှာရှိတဲ့ စက်ဝိုင်း ပုံစံ icon ကိုနှိပ်ပြီး highlighted on page, allowed on page, hidden from page စတဲ့ option တွေကို တွေ့ရမှာ ဖြစ်ပါတယ်။InsightsInsights ဆိုတာကတော့ Page နဲ့ ပတ်သက်တာတွေကို ဂရပ်ဖ်နဲ့ ဖော်ပြပေးတဲ့ feature ဖြစ်ပါတယ်။Insights မှာ Page ကို Like ပြုလုပ်ထားသူ အရေအတွက်၊ Page အကြောင်း ဆွေးနွေးကြသူ အရေအတွက်နဲ့ အပတ်စဉ် update ရောက်ရှိတဲ့ ပရိသတ် အရေအတွက်တို့ကိုသုံးသပ်ဖော်ပြပေးပါတယ်။ ဂရပ်ဖ်ရဲ့ အောက်ခြေဘက်မှာ ဖော်ပြထားတဲ့ ပန်းရောင် ပူပေါင်းတွေကတော့ Page မှာတင်ထားတဲ့ update အရေအတွက်ကို ပြသထား ခြင်းဖြစ်ပါတယ်။နောက်ပြီး Like ပြုလုပ်ထားသူတွေရဲ့ အသက်၊ လိင်အမျိုးအစားနဲ့ တည်နေရာတွေကိုလည်း လေ့လာနိုင်ပါတယ်။ဂရပ်ဖ်ရဲ့ အောက်ဘက်မှာတော့Facebook Page ပေါ်မှာရှိတဲ့ post တစ်ခုချင်းစီရဲ့အသေးစိတ် အချက်အလက်ကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီအချက်အလက်တွေကတော့ post ရောက်ရှိမှုနှုန်း၊ စိတ်ဝင်စားမှုနှုန်း၊ ဆွေးနွေးမှုနှုန်းနဲ့ ပျံ့နှံ့မှုနှုန်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် All Post Types မှာ dropdown ကိုနှိပ်ပြီး သီးခြား post အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။
by Internet Journal
အသေးစိတ်ကို ဒီလင့်စ်မှာ ဖတ်ရှုလေ့လာနိုင်ပါသည်ခင်မျာ
http://servicebyart.blogspot.com/2014/05/facebook-pages.html

Wan ku law

Tuesday, August 4, 2015

ဒီနေ့ပဲ စမ်းသပ် အသုံးပြု သင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခ

Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင် ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်း တွေဟာအရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြ ပါတယ်။ ကွန်ပြူတာ တွေ ဖြစ်ကြတဲ့ အတွက် လျှို့ဝှက် နက်နဲတဲ့ စွမ်းဆောင်ချက် တွေလည်း ပါရှိလာ ကြပါတယ်။ အဲဒီ အထဲက လူတွေ သိပ်အသုံး မပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက် တွေကို ရေးသားပေး လိုက်ပါတယ်။၁။ လျှို့ဝှက် စွမ်းဆောင်ချက် တွေကို အသုံးပြုပါ။Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်း ပေးထား ပါတယ်။ နာမည်ကြား ရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်း ကစားရာမှာ ဂရပ်ဖစ် စွမ်းရည်ကို မြှင့်တင် ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့ အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက် နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြု နိုင်ပါပြီ။၂။ သင့်ဖုန်းကို နှေးကွေး စေတဲ့ Apps များကို ရှာဖွေ ဖော်ထုတ်ပါ။Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက် တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေ အနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်း စီကိုနှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင် ပါတယ်။ RAM စားသုံးမှု များတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန် စေမှာ ဖြစ်ပါတယ်။၃။ မှန်ဘီလူးကို အသုံးပြုပါ။Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံး ၀င်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိ ပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာ မဆို သုံးချက် နှိပ်လိုက် တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက် နှိပ်ပြီး နောက်ဆုံး အချက်မှာ ဖိထားရင်ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင် ရမှာပါ။ သာမာန် အတိုင်း သုံးချက် နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Modeကနေ ထွက်ဖို့ သုံးချက် ပြန်နှိပ် ပေးပါ။ Magnification Mode မှာ နေရာ ပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်း နှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက် ဖတ်ပြ ပေးတဲ့ စွမ်းဆောင်ချက် ကိုလည်း လူသိနည်း ကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကို ရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကို ရွေးပေးနိုင် ပါတယ်။ ပြီးရင်တော့ TTS ကို အထောက် အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။

Wan ku law

စမတ်ဖုန်း စွဲလမ်းမှု လက္ခဏာများ

ကျွန်တော်ဟာ ဖုန်းကို လွန်လွန် ကဲကဲ အသုံး ပြုမိ နေတယ်လို့ ကိုယ့် ကိုယ်ကို သံသယ ရှိနေ ပါတယ်။ ဖုန်းကို အစွဲလွန် နေတယ်လို့ ပြသနေတဲ့လက္ခဏာတွေ အကြောင်း ပညာရှင် တွေက ပြောထားတာ ရှိသလား သိချင် ပါတယ်။
A. စမတ်ဖုန်း တွေက ဘ၀ရဲ့အရေးကြီးတဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့်ဖုန်းနဲ့ တက်ဘလက် အသုံးပြု မှုကို ကန့် သတ် သင့်တယ် ဆိုတဲ့ အချက်က ထင်ရှား လာပါတယ်။ ဖုန်းကို လွန်လွန် ကဲကဲ အသုံးပြု တာဟာ လူမှုရေးနဲ့ ကျန်းမာရေး ဖရိုဖရဲ ဖြစ်စေ နိုင်တယ်လို့ယုံကြည် စရာဖြစ် လာတယ်။ အချိန် မလွန်ခင် ဖုန်းကို စွဲလမ်း နေပြီလား ဆိုတာ သိရအောင် အောက်ပါ အချက် (၁၀) ချက်နဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်နို င်ပါတယ်။၁ ။ ဖုန်းစွဲလမ်းနေတဲ့သူတွေဟာ သူတို့ရဲ့ဖုန်းကို နေရာအထား မှားပြီးဆိုတာရှာဖွေတွေ့ရှိတာနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်။ ဖြစ်နိုင်သမျှ နေရာတိုင်းမှာလိုက်ရှာပြီး မတွေ့မချင်းရပ်နားမှာမဟုတ်ပါဘူး။ ရှာမတွေ့ဘူးဆိုရင် စိတ်ဓာတ်ကျနေပြီး အခြားသူတွေနဲ့ရက် အနည်းငယ်ကြာအောင် ခပ်ခွါခွါနေပါလိမ့်မယ်။
၂ ။ သူတို့က ဖုန်းကိုအိမ်မှာချန်ထားခဲ့မိရင် စိတ်ထဲဟာတာတာခံစားနေရမယ်။ အရေးကြီးတဲ့ကလေးငယ်ကို အစောင့်အရှောက်မရှိဘဲ အိမ်မှာချန်ထားခဲ့ရသလို ခံစားရမယ်။ သူတို့က အိမ်ကိုပြန်ဖုန်းကို ကောက်ယူပြီး notification တွေစစ်ဆေးဖို့ မစောင့်နိုင်အောင် ဖြစ်နေနိုင်တယ်။
၃ ။ အိပ်ရာကနိုးလာတာနဲ့ ဖုန်းကိုဘယ် လောက်မြန်ဆန်စွာနဲ့ စစ်ဆေးပါသလဲ။ လေ့လာ မှုအချို့က လူအများစုဟာ အိပ်ရာကနိုးပြီး တစ်နာရီအတွင်း သူတို့ဖုန်းကိုစစ်ဆေးကြတယ် လို့ဆိုပါတယ်။ အချို့ကိစ္စတွေမှာ လူတွေက အိပ် ရာကနေထဖို့ မနည်းလုပ်နေရတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုစစ်ဆေးကြတာတွေ့ရပါ တယ်။
၎ ။ အိမ်သာတက်တဲ့အခါ သတင်းစာအစား ဖုန်းကိုယူသွားပါသလား။ ဒီအချက်က အထက်ကိစ္စ အပေါ် အခြေခံပေမယ့် အနည်းငယ်ကွာခြားပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတဲ့အချက်က သတင်းအတွက် တကယ့်သတင်းစာအစား ဖုန်းနဲ့တက်ဘလက်တွေ အသုံးပြု တာဖြစ်ပါတယ်။
၅ ။ ရေချိုးတဲ့နေရာ ဖုန်းကိုယူသွားပါသလား။ လူတွေက ရေလုံ water-proof cover တွေသုံးပြီး ဖုန်းတွေကို ရေပန်းဒါမှမဟုတ် ရေချိုးကန်ထဲ ယူဆောင်သွားကာ chatting နဲ့ အလားတူဆင်တူတာတွေ လုပ်တဲ့ကိစ္စတွေရှိနေပါတယ်။
၆ ။ Notification တွေအတွက် ဖုန်းကိုမကြာခဏ စစ်ဆေးနေပြီး ဘာတစ်ခုမှ မတွေ့ရတဲ့အခါ စိတ်ပျက်သွားတာ မျိုးဖြစ်လာလိမ့်မယ်။ လူတစ်ယောက်က ဖုန်းကိုလွန်လွန်ကဲကဲ စွဲနေပြီဆိုတာပြောနိုင်တဲ့ လက္ခဏာများစွာထဲကတစ်ခုက user ဟာအပြင်မှာ ဘာပဲလုပ်နေနေ သူတို့ရဲ့ဖုန်းတွေနဲ့ အဆက်မပြတ်တုံ့ပြန် ဆက်သွယ်မှု လိုချင်နေတာပါပဲ။
၇=ဒီတစ်ခုကအထက်ကအချက်ကိုချဲ့ထွင်ထားတာပါ။ သင်ဟာ လက်ရှိအချိန်မှာ စကားပြောစရာသက်ရှိထင်ရှား လူတစ်ယောက် ရှေ့မှာရှိနေတာတောင် texting and chatting တွေလုပ်ဆောင်နေ တုန်းပဲလား။ အခြားတနည်းပြောရရင် တကယ့်ပြင်ပလူတစ်ယောက်နဲ့ စကားပြောနေတဲ့အထိ ဖုန်းကိုဆက်ပြီး အသုံးပြုနေတုန်းပဲလား။
၈ ။ ယခုအခါမှာ ဖုန်းတွေနဲ့ယှဉ်ရင် ကွန်ပျူတာသုံးတဲ့အချိန်ပို နည်းလာသလား။ လူတွေကဖုန်းကို စွဲလမ်းလာတဲ့အခါ သူတို့က အရာကိစ်္စအားလုံးနီးပါးအတွက် ပုံမှန်ကွန်ပျူတာကနေ ဖုန်းတွေနဲ့တက်ဘ လက်တွေဆီက တဖြည်းဖြည်းရွှေ့ပြောင်းသုံးစွဲလာကြတယ်။ ၀က်ဘ် ဆိုက်တစ်ခုကို လည်ပတ်ကြည့်ရှုဖို့၊ မေးလ်စစ်တာ၊ chatting ပြော တာတွေနဲ့ အခြားကိစ်္စတွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ကွန်ပျူတာအသုံး ချမှုအချိန် ရုတ်တရက်ကြီးကြီးမားမားကျဆင်းသွားမှုနဲ့ ဖုန်းတွေကို သုံးစွဲတဲ့အချိန်ကြာမြင့်လာမှုအပေါင်းအစပ်က ဖုန်းစွဲလမ်းမှုကိုညွန်ပြ နေပါတယ်။
၉ ။ Chat လုပ်တာ၊ စကားပြောတာ၊ Facebook လို social site တွေကြည့်တာတွေနဲ့ ညဥ့်နက်သွားတာမျိုးကြိမ်ရေဘယ်လောက် များများဖြစ်ဖူးပါသလဲ။ လက်ထဲမှာဖုန်းကိုင်းရင် ပြန်နိုးလာတာမျိုးဖြစ် ဖူးပါသလား။၁၀။ နောက်ဆုံးအချက်ကတော့ နေ့တစ်နေ့ရဲ့အဆုံးမှာ ဘယ်လို ကုန်ဆုံးဖို့နှစ်သက်ပါလဲ။ ဖုန်းပေါ်မှာတစ်ခုခုလုပ်ရင်းအိပ်ရာထဲမှာ နေဖို့လား။ ဒါမှမဟုတ် မိသားစုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေဖို့လား။

Wan ku law

စမတ်ဖုန်း များက သင့်ရဲ့ Voice Command ကို အချိန်ပြည့် နားထောင်စေမယ့် နည်းများ[

Google က Android Phone များမှာ Google Now နဲ့ Apple က iPhone များမှာ Siri ဆိုတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက် တွေကို ထည့်သွင်း ပေးထား ကြပါတယ်။ အဲဒီ ကိုယ်ရေး လက်ထောက် တွေကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်း မှာတော့ သတ်မှတ် ထားတဲ့ ခလုတ်ကို နှိပ်ပြီးမှ ကိုယ်ရေး လက်ထောက် တွေကို Activate လုပ်ပြီး ခိုင်းစေနိုင် တာပါ။စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုဘဲနဲ့ အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ရင်တော့ အဆင်ပြေစေမှာပါ။ ဥပမာ အားဖြင့် ဖုန်းကို အိပ်ယာ ဘေးမှ စားပွဲခုံ ပေါ်မှာ ချထားတဲ့ အချိန်မှာ အိပ်ယာထဲ ကနေပဲ ပိုင်ရှင်က “ What time is it” လို့ မေး လိုက်တာနဲ့ ကိုယ်ရေး လက်ထောက်က အဖြေပေးမှာ ဖြစ်ပါတယ်။iPhone and iPadiPhone နဲ့ iPad တွေက သင့်ရဲ့ အသံအမိန့်ကို အမြဲတမ်းနားထောင်နိုင်တဲ့ စွမ်းရည် မရှိကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ Apple Device တွေမှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုတဲ့ Audio Processing Chip မပါရှိလို့ပါပဲ။ဒါပေမယ့် iPhone, iPad တွေကို အားသွင်းနေစဉ်မှာတော့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို Activate လုပ်ဖို့ Settings App ထဲမှ General ကို နှိပ်ပါ။ Siri ကို နှိပ်ပြီး Allow “ Hey Siri” ကို ဖွင့်ပါ။ဒါဆိုရင် iPhone, iPad ကို အားသွင်းနေစဉ်မှာ “ Hey Siri” လို့ ပြောလိုက်တာနဲ့ Siri ကို စတင်ခိုင်းစေနိုင်ပါပြီ။ အဲဒီအတွက် ခလုတ်တစ်ခုမှ နှိပ်စရာမလိုတော့ပါဘူး။ “ Hey Siri” လို့ ပြောပြီးတာနဲ့ ရပ်နားစရာမလိုဘဲ အသံအမိန့်ကို ဆက်လက်ပြောဆိုနိုင်ပါတယ်။AndroidAndroid 5.0 Lollipop နဲ့ 4.4 KitKat တို့မှာ Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” လို့ ပြောလိုက်တာနဲ့ GoogleNow ကို စတင်ခိုင်းစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ ဒီစွမ်းဆောင်ချက်ကို အထောက်အပံ့ပေးနိုင်တဲ့ Hardware လိုအပ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ Hardware မပါရင်လည်း Screen ဟာ On ဖြစ်နေရင် သို့မဟုတ် အားသွင်းနေရင် “ OK Google “ လို့ ပြောပြီး Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။ဒီစွမ်းဆောင်ချက်ကို ဖွင့်ဖို့အတွက် Google App ကိုဖွင့်ပါ။ Menu ကိုနှိပ်ပြီး Settings ထဲသွားပါ။ Voice ကိုနှိပ်ပြီး “ OK Google “ detectionကို နှိပ်ပါ။Default အားဖြင့်တော့ “From the Google app” ကိုပဲ Enable လုပ်ထားတဲ့အတွက် Google App ကိုဖွင့်ထားမှသာ “ OK Google” လို့ပြောပြီး Google Now ကို Activate လုပ်နိုင်တာပါ။ Screen ဟာ On နေတဲ့အချိန်နဲ့ အားသွင်းနေစဉ်မှာပါ Google Now ကို အသံနဲ့ Activate လုပ်ချင်ရင် “From any screen” မှာ Enable လုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Screen ဟာ On ဖြစ်နေတဲ့အချိန်၊ အခြား App တစ်ခုကို အသုံးပြုနေတဲ့အချိန်နဲ့ အားသွင်းနေတဲ့အချိန်များမှာ “ OK Google” လို့ ပြောလိုက်တာနဲ့Google Now ကို Activate လုပ်နိုင်ပါပြီ။ အချို့ဖုန်းတွေမှာ ဆိုရင်တော့ “ Always On” ကို ရွေးချယ်နိုင်တဲ့အတွက် Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” command က အလုပ်ဖြစ်ပါတယ်။Google နဲ့ Apple က သူတို့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို စွမ်းဆောင်ရည်များပြားအောင် အမြဲ တီထွင်နေကြပါတယ်။ Windows 10 မှာဆိုရင် Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကိုထည့်သွင်းပေးမယ်လို့ Microsoft က ကြေညာထားပါတယ်။ မိုဘိုင်းဖုန်းတွေကတော့ လူတွေ အမြဲတစ်စေ ကိုယ်နဲ့မကွာ ယူဆောင်သွားနေကြတဲ့ ကိရိယာတွေ ဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ မိုဘိုင်းဖုန်းတွေအတွက် ပိုမို အသုံးဝင်မှာ ဖြစ်ပါတယ်။

Wan ku law