Tuesday, August 4, 2015

ဒီနေ့ပဲ စမ်းသပ် အသုံးပြု သင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခ

Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင် ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်း တွေဟာအရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြ ပါတယ်။ ကွန်ပြူတာ တွေ ဖြစ်ကြတဲ့ အတွက် လျှို့ဝှက် နက်နဲတဲ့ စွမ်းဆောင်ချက် တွေလည်း ပါရှိလာ ကြပါတယ်။ အဲဒီ အထဲက လူတွေ သိပ်အသုံး မပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက် တွေကို ရေးသားပေး လိုက်ပါတယ်။၁။ လျှို့ဝှက် စွမ်းဆောင်ချက် တွေကို အသုံးပြုပါ။Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်း ပေးထား ပါတယ်။ နာမည်ကြား ရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်း ကစားရာမှာ ဂရပ်ဖစ် စွမ်းရည်ကို မြှင့်တင် ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင် ချက်တွေ ပါရှိ ပါတယ်။လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့ အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက် နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြု နိုင်ပါပြီ။၂။ သင့်ဖုန်းကို နှေးကွေး စေတဲ့ Apps များကို ရှာဖွေ ဖော်ထုတ်ပါ။Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက် တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေ အနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်း စီကိုနှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင် ပါတယ်။ RAM စားသုံးမှု များတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန် စေမှာ ဖြစ်ပါတယ်။၃။ မှန်ဘီလူးကို အသုံးပြုပါ။Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံး ၀င်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိ ပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာ မဆို သုံးချက် နှိပ်လိုက် တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက် နှိပ်ပြီး နောက်ဆုံး အချက်မှာ ဖိထားရင်ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင် ရမှာပါ။ သာမာန် အတိုင်း သုံးချက် နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Modeကနေ ထွက်ဖို့ သုံးချက် ပြန်နှိပ် ပေးပါ။ Magnification Mode မှာ နေရာ ပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်း နှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက် ဖတ်ပြ ပေးတဲ့ စွမ်းဆောင်ချက် ကိုလည်း လူသိနည်း ကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကို ရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကို ရွေးပေးနိုင် ပါတယ်။ ပြီးရင်တော့ TTS ကို အထောက် အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက် ဖတ်ပြ ခိုင်းနိုင် ပါတယ်။

Wan ku law

စမတ်ဖုန်း စွဲလမ်းမှု လက္ခဏာများ

ကျွန်တော်ဟာ ဖုန်းကို လွန်လွန် ကဲကဲ အသုံး ပြုမိ နေတယ်လို့ ကိုယ့် ကိုယ်ကို သံသယ ရှိနေ ပါတယ်။ ဖုန်းကို အစွဲလွန် နေတယ်လို့ ပြသနေတဲ့လက္ခဏာတွေ အကြောင်း ပညာရှင် တွေက ပြောထားတာ ရှိသလား သိချင် ပါတယ်။
A. စမတ်ဖုန်း တွေက ဘ၀ရဲ့အရေးကြီးတဲ့ အစိတ် အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့်ဖုန်းနဲ့ တက်ဘလက် အသုံးပြု မှုကို ကန့် သတ် သင့်တယ် ဆိုတဲ့ အချက်က ထင်ရှား လာပါတယ်။ ဖုန်းကို လွန်လွန် ကဲကဲ အသုံးပြု တာဟာ လူမှုရေးနဲ့ ကျန်းမာရေး ဖရိုဖရဲ ဖြစ်စေ နိုင်တယ်လို့ယုံကြည် စရာဖြစ် လာတယ်။ အချိန် မလွန်ခင် ဖုန်းကို စွဲလမ်း နေပြီလား ဆိုတာ သိရအောင် အောက်ပါ အချက် (၁၀) ချက်နဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်နို င်ပါတယ်။၁ ။ ဖုန်းစွဲလမ်းနေတဲ့သူတွေဟာ သူတို့ရဲ့ဖုန်းကို နေရာအထား မှားပြီးဆိုတာရှာဖွေတွေ့ရှိတာနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်။ ဖြစ်နိုင်သမျှ နေရာတိုင်းမှာလိုက်ရှာပြီး မတွေ့မချင်းရပ်နားမှာမဟုတ်ပါဘူး။ ရှာမတွေ့ဘူးဆိုရင် စိတ်ဓာတ်ကျနေပြီး အခြားသူတွေနဲ့ရက် အနည်းငယ်ကြာအောင် ခပ်ခွါခွါနေပါလိမ့်မယ်။
၂ ။ သူတို့က ဖုန်းကိုအိမ်မှာချန်ထားခဲ့မိရင် စိတ်ထဲဟာတာတာခံစားနေရမယ်။ အရေးကြီးတဲ့ကလေးငယ်ကို အစောင့်အရှောက်မရှိဘဲ အိမ်မှာချန်ထားခဲ့ရသလို ခံစားရမယ်။ သူတို့က အိမ်ကိုပြန်ဖုန်းကို ကောက်ယူပြီး notification တွေစစ်ဆေးဖို့ မစောင့်နိုင်အောင် ဖြစ်နေနိုင်တယ်။
၃ ။ အိပ်ရာကနိုးလာတာနဲ့ ဖုန်းကိုဘယ် လောက်မြန်ဆန်စွာနဲ့ စစ်ဆေးပါသလဲ။ လေ့လာ မှုအချို့က လူအများစုဟာ အိပ်ရာကနိုးပြီး တစ်နာရီအတွင်း သူတို့ဖုန်းကိုစစ်ဆေးကြတယ် လို့ဆိုပါတယ်။ အချို့ကိစ္စတွေမှာ လူတွေက အိပ် ရာကနေထဖို့ မနည်းလုပ်နေရတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုစစ်ဆေးကြတာတွေ့ရပါ တယ်။
၎ ။ အိမ်သာတက်တဲ့အခါ သတင်းစာအစား ဖုန်းကိုယူသွားပါသလား။ ဒီအချက်က အထက်ကိစ္စ အပေါ် အခြေခံပေမယ့် အနည်းငယ်ကွာခြားပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတဲ့အချက်က သတင်းအတွက် တကယ့်သတင်းစာအစား ဖုန်းနဲ့တက်ဘလက်တွေ အသုံးပြု တာဖြစ်ပါတယ်။
၅ ။ ရေချိုးတဲ့နေရာ ဖုန်းကိုယူသွားပါသလား။ လူတွေက ရေလုံ water-proof cover တွေသုံးပြီး ဖုန်းတွေကို ရေပန်းဒါမှမဟုတ် ရေချိုးကန်ထဲ ယူဆောင်သွားကာ chatting နဲ့ အလားတူဆင်တူတာတွေ လုပ်တဲ့ကိစ္စတွေရှိနေပါတယ်။
၆ ။ Notification တွေအတွက် ဖုန်းကိုမကြာခဏ စစ်ဆေးနေပြီး ဘာတစ်ခုမှ မတွေ့ရတဲ့အခါ စိတ်ပျက်သွားတာ မျိုးဖြစ်လာလိမ့်မယ်။ လူတစ်ယောက်က ဖုန်းကိုလွန်လွန်ကဲကဲ စွဲနေပြီဆိုတာပြောနိုင်တဲ့ လက္ခဏာများစွာထဲကတစ်ခုက user ဟာအပြင်မှာ ဘာပဲလုပ်နေနေ သူတို့ရဲ့ဖုန်းတွေနဲ့ အဆက်မပြတ်တုံ့ပြန် ဆက်သွယ်မှု လိုချင်နေတာပါပဲ။
၇=ဒီတစ်ခုကအထက်ကအချက်ကိုချဲ့ထွင်ထားတာပါ။ သင်ဟာ လက်ရှိအချိန်မှာ စကားပြောစရာသက်ရှိထင်ရှား လူတစ်ယောက် ရှေ့မှာရှိနေတာတောင် texting and chatting တွေလုပ်ဆောင်နေ တုန်းပဲလား။ အခြားတနည်းပြောရရင် တကယ့်ပြင်ပလူတစ်ယောက်နဲ့ စကားပြောနေတဲ့အထိ ဖုန်းကိုဆက်ပြီး အသုံးပြုနေတုန်းပဲလား။
၈ ။ ယခုအခါမှာ ဖုန်းတွေနဲ့ယှဉ်ရင် ကွန်ပျူတာသုံးတဲ့အချိန်ပို နည်းလာသလား။ လူတွေကဖုန်းကို စွဲလမ်းလာတဲ့အခါ သူတို့က အရာကိစ်္စအားလုံးနီးပါးအတွက် ပုံမှန်ကွန်ပျူတာကနေ ဖုန်းတွေနဲ့တက်ဘ လက်တွေဆီက တဖြည်းဖြည်းရွှေ့ပြောင်းသုံးစွဲလာကြတယ်။ ၀က်ဘ် ဆိုက်တစ်ခုကို လည်ပတ်ကြည့်ရှုဖို့၊ မေးလ်စစ်တာ၊ chatting ပြော တာတွေနဲ့ အခြားကိစ်္စတွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ကွန်ပျူတာအသုံး ချမှုအချိန် ရုတ်တရက်ကြီးကြီးမားမားကျဆင်းသွားမှုနဲ့ ဖုန်းတွေကို သုံးစွဲတဲ့အချိန်ကြာမြင့်လာမှုအပေါင်းအစပ်က ဖုန်းစွဲလမ်းမှုကိုညွန်ပြ နေပါတယ်။
၉ ။ Chat လုပ်တာ၊ စကားပြောတာ၊ Facebook လို social site တွေကြည့်တာတွေနဲ့ ညဥ့်နက်သွားတာမျိုးကြိမ်ရေဘယ်လောက် များများဖြစ်ဖူးပါသလဲ။ လက်ထဲမှာဖုန်းကိုင်းရင် ပြန်နိုးလာတာမျိုးဖြစ် ဖူးပါသလား။၁၀။ နောက်ဆုံးအချက်ကတော့ နေ့တစ်နေ့ရဲ့အဆုံးမှာ ဘယ်လို ကုန်ဆုံးဖို့နှစ်သက်ပါလဲ။ ဖုန်းပေါ်မှာတစ်ခုခုလုပ်ရင်းအိပ်ရာထဲမှာ နေဖို့လား။ ဒါမှမဟုတ် မိသားစုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေဖို့လား။

Wan ku law

စမတ်ဖုန်း များက သင့်ရဲ့ Voice Command ကို အချိန်ပြည့် နားထောင်စေမယ့် နည်းများ[

Google က Android Phone များမှာ Google Now နဲ့ Apple က iPhone များမှာ Siri ဆိုတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေး လက်ထောက် တွေကို ထည့်သွင်း ပေးထား ကြပါတယ်။ အဲဒီ ကိုယ်ရေး လက်ထောက် တွေကို အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်း မှာတော့ သတ်မှတ် ထားတဲ့ ခလုတ်ကို နှိပ်ပြီးမှ ကိုယ်ရေး လက်ထောက် တွေကို Activate လုပ်ပြီး ခိုင်းစေနိုင် တာပါ။စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုဘဲနဲ့ အသံနဲ့ အမိန့်ပေး ခိုင်းစေနိုင် ရင်တော့ အဆင်ပြေစေမှာပါ။ ဥပမာ အားဖြင့် ဖုန်းကို အိပ်ယာ ဘေးမှ စားပွဲခုံ ပေါ်မှာ ချထားတဲ့ အချိန်မှာ အိပ်ယာထဲ ကနေပဲ ပိုင်ရှင်က “ What time is it” လို့ မေး လိုက်တာနဲ့ ကိုယ်ရေး လက်ထောက်က အဖြေပေးမှာ ဖြစ်ပါတယ်။iPhone and iPadiPhone နဲ့ iPad တွေက သင့်ရဲ့ အသံအမိန့်ကို အမြဲတမ်းနားထောင်နိုင်တဲ့ စွမ်းရည် မရှိကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ Apple Device တွေမှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုတဲ့ Audio Processing Chip မပါရှိလို့ပါပဲ။ဒါပေမယ့် iPhone, iPad တွေကို အားသွင်းနေစဉ်မှာတော့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို Activate လုပ်ဖို့ Settings App ထဲမှ General ကို နှိပ်ပါ။ Siri ကို နှိပ်ပြီး Allow “ Hey Siri” ကို ဖွင့်ပါ။ဒါဆိုရင် iPhone, iPad ကို အားသွင်းနေစဉ်မှာ “ Hey Siri” လို့ ပြောလိုက်တာနဲ့ Siri ကို စတင်ခိုင်းစေနိုင်ပါပြီ။ အဲဒီအတွက် ခလုတ်တစ်ခုမှ နှိပ်စရာမလိုတော့ပါဘူး။ “ Hey Siri” လို့ ပြောပြီးတာနဲ့ ရပ်နားစရာမလိုဘဲ အသံအမိန့်ကို ဆက်လက်ပြောဆိုနိုင်ပါတယ်။AndroidAndroid 5.0 Lollipop နဲ့ 4.4 KitKat တို့မှာ Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” လို့ ပြောလိုက်တာနဲ့ GoogleNow ကို စတင်ခိုင်းစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ ဒီစွမ်းဆောင်ချက်ကို အထောက်အပံ့ပေးနိုင်တဲ့ Hardware လိုအပ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ Hardware မပါရင်လည်း Screen ဟာ On ဖြစ်နေရင် သို့မဟုတ် အားသွင်းနေရင် “ OK Google “ လို့ ပြောပြီး Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။ဒီစွမ်းဆောင်ချက်ကို ဖွင့်ဖို့အတွက် Google App ကိုဖွင့်ပါ။ Menu ကိုနှိပ်ပြီး Settings ထဲသွားပါ။ Voice ကိုနှိပ်ပြီး “ OK Google “ detectionကို နှိပ်ပါ။Default အားဖြင့်တော့ “From the Google app” ကိုပဲ Enable လုပ်ထားတဲ့အတွက် Google App ကိုဖွင့်ထားမှသာ “ OK Google” လို့ပြောပြီး Google Now ကို Activate လုပ်နိုင်တာပါ။ Screen ဟာ On နေတဲ့အချိန်နဲ့ အားသွင်းနေစဉ်မှာပါ Google Now ကို အသံနဲ့ Activate လုပ်ချင်ရင် “From any screen” မှာ Enable လုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Screen ဟာ On ဖြစ်နေတဲ့အချိန်၊ အခြား App တစ်ခုကို အသုံးပြုနေတဲ့အချိန်နဲ့ အားသွင်းနေတဲ့အချိန်များမှာ “ OK Google” လို့ ပြောလိုက်တာနဲ့Google Now ကို Activate လုပ်နိုင်ပါပြီ။ အချို့ဖုန်းတွေမှာ ဆိုရင်တော့ “ Always On” ကို ရွေးချယ်နိုင်တဲ့အတွက် Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” command က အလုပ်ဖြစ်ပါတယ်။Google နဲ့ Apple က သူတို့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို စွမ်းဆောင်ရည်များပြားအောင် အမြဲ တီထွင်နေကြပါတယ်။ Windows 10 မှာဆိုရင် Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကိုထည့်သွင်းပေးမယ်လို့ Microsoft က ကြေညာထားပါတယ်။ မိုဘိုင်းဖုန်းတွေကတော့ လူတွေ အမြဲတစ်စေ ကိုယ်နဲ့မကွာ ယူဆောင်သွားနေကြတဲ့ ကိရိယာတွေ ဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ မိုဘိုင်းဖုန်းတွေအတွက် ပိုမို အသုံးဝင်မှာ ဖြစ်ပါတယ်။

Wan ku law

စမတ်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက် အသုံးပြု နိုင်မယ့် Apps များ[း

သင့်ရဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ နှစ်ခု စလုံးဟာ စွမ်းဆောင် ရည်မြင့် အီလက်ထရောနစ် ပစ္စည်း များပါပဲ။ သူတို့ နှစ်ခုကို ချိတ်ဆက် အသုံးပြုနိုင်ရင် ပိုတောင်မှ စွမ်းဆောင်ရည် ကောင်းအုံး မှာပါ။ USB Cable နဲ့ ချိတ်ဆက် တာကို ပြောတာ မဟုတ်ပါဘူး။ သင့် ကွန်ပြူတာနဲ့ စမတ်ဖုန်းကို ချိတ်ဆက်ပြီး စွမ်းဆောင်ချက် များစွာ တိုးပွားပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။ အဲဒီ Apps များကို အသုံးပြုရင် ဖိုင်များ ပေးပို့ ရယူတာ၊ ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်တာ၊ စမတ်ဖုန်းကို အသုံးပြုစရာ မလိုဘဲ ဖုန်း Message များကို ကွန်ပြူတာမှ ပေးပို့နိုင်တာ စတဲ့ စွမ်းရည်များ ရရှိနိုင်မှာပါ။စွမ်းဆောင်ရည် မတူညီတဲ့ App သုံးခုကို ဒီဆောင်းပါးမှာ ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။ App သုံးခုဟာ Android မှာ အသုံးပြုနိုင် ပေမယ့် အချို့App များကို iPhone မှာလည်း အသုံးပြုနိုင် ပါတယ်။ iOS 8 အသုံးပြု သူများအနေဖြင့် စွမ်းဆောင်ချက် အသစ် တစ်ခုဖြစ်တဲ့ Handoff ကို အသုံးပြုခြင်းဖြင့် iPhone, iPad နဲ့ Mac များကို ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး Mac ကနေ ဖုန်းခေါ်ဆို နိုင်သလို ဖုန်းမှာ ရေးထားတဲ့ အီးမေးကို iPad မှာ လက်စသတ်နိုင်မှာပါ။ ဒါ့အပြင် အခြား စွမ်းဆောင်ချက် အသစ်တွေလည်း iOS 8 မှာ ပါရှိ လာပါတယ်။PushbulletFree, Android and iOSPushbullet ဟာ ပြီးခဲ့တဲ့ နှစ်မှာ များစွာ တိုးတက်လာပါတယ်။ လင့်များ၊ မှတ်စုများနဲ့ ဖိုင်များကို Device များကြားမှာ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်များနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Pushbullet ဟာ အခုဆိုရင် သတင်းအချက်အလက်များ ပေးပို့ရယူနိုင်တဲ့၊ Android မှ Notification များကို ကွန်ပြူတာမှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Tool တစ်ခုဖြစ်လာပါပြီ။မိုဘိုင်းဖုန်းများမှာ Pushbullet App ကို ထည့်သွင်းထားရမှာ ဖြစ်ပြီး ကွန်ပြူတာမှာတော့ Chrome နဲ့ Firefox တို့အတွက် Browser Extension များကို အင်စတော လုပ်ထားရမှာပါ။အခမဲ့ အသုံးပြုနိုင်ပြီး မှတ်စုများ၊ လင့်များ၊ ဖိုင်များ၊ တည်နေရာများ၊ Checklist များကို ကွန်ပြူတာကနေ ဖုန်းသို့ ဒါမှမဟုတ် ဖုန်းကနေ ကွန်ပြူတာသို့ ပေးပို့နိုင်ပါတယ်။ Pushbullet ကို အသုံးပြုတဲ့ အခြားသူငယ်ချင်း တစ်ယောက်ထံသို့လည်း ပေးပို့နိုင်ပါတယ်။ကျွန်တော် Pushbullet ကို အသုံးပြုရတဲ့ အဓိက ရည်ရွယ်ချက်က ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ ဖုန်းဝင်လာရင် ကွန်ပြူတာက သိနိုင်တာက ကောင်းမွန်ပြီး ဖုန်းမှ Message များကိုလည်း ကွန်ပြူတာမှာ ဖတ်နိုင်ပါတယ်။ ကွန်ပြူတာမှာ ပြသမယ့် Notification များအတွက် ဖုန်းမှ Apps များကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ အနားယူချိန်မှာ ကွန်ပြူတာမှာ အချက်ပြမှုများကို မပြသပေးအောင် ပိတ်ထားနိုင်ပါတယ်။ iPhone App မှာတော့ ဒီစွမ်းဆောင်ချက် မပါတာကို သတိပြုပါ။အားသာချက်။ ။ Set Up လုပ်ရတာ လွယ်ကူပြီး ဖိုင်များ ၊ သတင်းအချက်အလက်များ ပေးပို့ရတာ ရိုးရှင်းပါတယ်။အားနည်းချက်။ ။ App ရဲ့ ဒီဇိုင်းက အစပိုင်းမှာ ရှုပ်ထွေးတတ်ပါတယ်။MoaxisFree, Android and iOSPushbullet လိုပဲ Moaxis က သင့်ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်ပေးပြီး ဖုန်းမှ Notification များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း Moaxis ရဲ့ အဓိက ရည်ရွယ်ချက်က ဖုန်း Message များကို Windows, Mac, Chrome Apps များကနေ ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်။Moaxis ကို ဖုန်းမှာ အင်စတော လုပ်ပြီးရင် သင့်ကွန်ပြူတာကို Add လုပ်ပြီး Set Up လုပ်ရပါတယ်။ တစ်နည်းအားဖြင့် Sync လုပ်နိုင်ဖို့ပါ။ Set Up လုပ်ပြီးရင် App ကို ထပ်ဖွင့်စရာ မလိုတော့ပါဘူး။ Desktop App ကနေ Message များပေးပို့နိုင်ပြီး ဖုန်းရဲ့ Address Book ကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ဖုန်းမှ SMS Conversation များကို ကွန်ပြူတာမှာ ပြသပေးနိုင်ပြီး ဆက်လက် စကားပြောနိုင်ပါတယ်။ အားနည်းချက်က Address Book ကို ကြည့်နိုင်ပေမယ့် Edit ပြုလုပ်လို့ မရတာ ဖြစ်ပါတယ်။အားသာချက်။ ။ ကွန်ပြူတာကနေ ဖုန်း Message များကို လွယ်ကူစွာ ပေးပို့ ရယူနိုင်ပါတယ်။အားနည်းချက်။ ။ Set Up လုပ်ရတာ ရှုပ်ထွေးပြီး Address Book ကို ကွန်ပြူတာကနေ Edit မလုပ်နိုင်ပါဘူး။AirdroidFree, Android OnlyAirdroid ထွက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သင့်ကွန်ပြူတာနဲ့ ဖုန်းကို Sync လုပ်ဖို့ နာမည်ကြီး ရွေးချယ်စရာ တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Airdroid ဟာ ဖိုင်များကို ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ပေးပို့နိုင်တာ၊ ကွန်ပြူတာမှာ ဖုန်းမှ Notification များကို ကြည့်နိုင်တာနဲ့ ကွန်ပြူတာကနေ ဖုန်း Message များကို ပေးပို့နိုင်တာ အပြင် စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။Airdroid က သင့်ဖုန်းကို ကွန်ပြူတာကနေ Manage ပြုလုပ်ဖို့ အဓိက ပံ့ပိုးပေးထားပြီး Call Logs နဲ့ Clipboard များကို ကွန်ပြူတာကနေ ကြည့်နိုင်တာကနေ၊ Apps များကို ကွန်ပြူတာကနေ အင်စတော လုပ်ဖို့နဲ့ ဖုန်းရဲ့ Screenshot ကို ကွန်ပြူတာကနေ ရိုက်ဖို့ အထိ ပြုလုပ်နိုင်ပါတယ်။ ဖုန်း Message များကို ကွန်ပြူတာကနေ ပေးပို့ရာမှာတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ တွေ့ရပါတယ်။ အခြား Tools အားလုံးက အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဖုန်းနဲ့ Apps များကို စီမံခန့်ခွဲဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။အားသာချက်။ ။ Airdroid ကို ဘရောက်စာကနေ အသုံးပြုနိုင်တဲ့ အတွက် ကွန်ပြူတာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။အားနည်းချက်။ ။ အသုံးပြုတိုင်း ဖုန်းနဲ့ Airdroid ကို ပြန်လည် ချိတ်ဆက်ပေးရတာပါ====

Wan ku law

မိုဘိုင်းဖုန်း အသုံးပြုလျှင် သတိထားရန် အချက်များး

015မိုဘိုင်းဖုန်း အသုံးပြုလျှင် သတိထားရန် အချက်များ[ကျန်းမာရေးဆောင်းပါး] [မိုဘိုင်းဖုန်းဆောင်းပါး]ယနေ့ ခေတ်မှာ လူတော်တော် များများ ဟန်းဖုန်း ကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေး ဗဟုသုတ အချို့  မျှဝေ လိုက်ပါတယ်။မိုဘိုင်းဖုန်းကို အိပ်ယာဘေး ထားမအိပ် ပါနှင့်ဆဲလ်ဖုန်းကို အိပ်ယာဘေးထား မအိပ်သင့်ပါဘူး။ ဖုန်းက ထွက်လာတဲ့ ရေဒီယို လိုင်းများက ဦးနှောက်ကို ထိခိုက် စေပါတယ်။ အကျိုးဆက် များကတော့ - skin rashes-အရေပြား အနီကွက် ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်း ကိုက်ခြင်း) ,skin irritation (အရေပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံ စူးစိုက်မှု နည်းခြင်း), fatigue (ပင်ပန်းနွမ်းနယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems)အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖု ထခြင်း), indigestion reddening of skin (အရေပြားမှ ရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာ ဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မား ပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေ ပြောရမယ် ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်း ပြောပြီး ဖုန်းချ သင့်ပါတယ်။အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း အသက် ၁၆ နှစ်အောက် ကလေးငယ်များ အနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့် သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာ ဖြစ်ပြီး ဦးခေါင်းခွံ ပါးနေ ပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန် လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။မိုဘိုင်းဖုန်းကို ဘောင်းဘီ အိပ်ထဲ မထည့်ပါနှင့်မိုဘိုင်းဖုန်းကို ဘောင်းဘီ အိတ်ကပ် ထည့်တဲ့ အလေ့ အကျင့်ရှိရင် ရှောင်ရှား စေလိုပါတယ်။ ရေဒီယို လှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့ အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ် တွေကို သေစေပြီး ကလေး မရနိုင်တဲ့ အမြုံ ဖြစ်စေနိုင် ပါတယ်။မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီ ဆိုင်များ အတွင်း အသုံးမပြုပါနှင့်ဒါက အင်မတန် အရေးကြီး ပါတယ်။ နိုင်ငံတကာ ကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ် ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radiowave တွေဟာ static electricity ဖြစ်ပေါ် စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့ အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ အထိ မီးကူး သွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှု ကြီးကို ဖြစ်ပေါ်လာနိုင် စေပါတယ်။ လောင်စာဆီတွေမှ မဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်း ထားသိုရာ နေရာ အချို့ မှာတောင် အန္တရာယ် ရှိတဲ့ အတွက် တားမြစ် ထားပါတယ်။ လောင်စာဆီဖြည့်စဉ် ဖုန်းပိတ် ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာမိုဘိုင်းဖုန်း ကြာကြာ အသုံးပြု သူတွေဟာ ရေဒီယို လှိုင်းများ ကြားမှာ အသက်ရှင်နေ ကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက် သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ ပက်သက်တဲ့ အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်း အမြဲအ သုံးပြုသူဟာ စိတ်ကျ ရောဂါမျိုးလည်း ခံစားတတ် ရပြီး ကိုယ်ခံ အားပါ ကျဆင်းစေပါတယ်။ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက် ပြောဆိုတဲ့ အလေ့ကျင့် ကိုလည်း မလုပ်ဖို့ တားမြစ် ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်း အတွင်း ပြောဆိုခြင်းသာ သင့်တော် တယ်လို့ ဆိုပါတယ်။အထက်ပါ အချက်အလက် များကို WHO မှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးထား အိပ်ခြင်း၊ ကားပေါ်တွင် ဖုန်းပြောခြင်း၊ ဘောင်းဘီ အိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Wan ku law

ဖုန်းစွဲနေ သူများ အတွက် အကူအညီ[မိုဘိုင်းဖုန်းဆောင်းပါး]

ဒီနေ့ခေတ် လူပေါင်း များစွာလိုပဲ Susan Butterက သူ့ရဲ့စမတ် ဖုန်းကို အချိန် ကြာမြင့်စွာ ကြည့်နေလေ့ ရှိပါတယ်။ လူအများ စုနဲ့ မတူ တာက သူဟာ ဒီပြဿနာ အတွက် ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဖုန်းကို လူနဲ့ ဝေးရာမှာ ထားပြီး စိတ်အေး ချမ်းသာမှု ရစေမယ်လို့ ကတိ ပြု ထားတဲ့ Ringly ကုမ်္ပဏီက ၁၉၅ ဒေါ်လာတန် လက်စွပ်ကို ၀ယ်ယူ ခဲ့ခြင်းပဲဖြစ်ပါတယ်။Ringly က ဒီကိစ္စ အတွက် သူ့ရဲ့လက်စွပ် တွေကို စမတ်ဖုန်း filter နဲ့ ချိတ်ဆက် ထားခြင်း အားဖြင့် ပြုလုပ် ပါတယ်။ ကလေးထိန်း ဆီက text messages တွေလို အရေး ကြီးတဲ့ သတိပေး မှုတွေကို ခွင့်ပြုပြီး လက်စွပ်ကို မီးလင်း၊ တုန်ခါစေတဲ့ အခါ Gmail နဲ့ Facebook Notification တွေကို အသံတိတ် ပေးပါတယ်။ “ဒါက ကျွန်မ ရဲ့ဖုန်းနဲ့ ကျွန်မရဲ့လက်ကို အနည်းငယ် အလှမ်းဝေးအောင် ထိန်းသိမ်း ပေးထား မယ်လို့ မျှော်လင့် ရပါတယ်”” လို့ လုပ် ငန်းငယ်လေးတွေအတွက် နည်းပညာ အတိုင်ပင်ခံ Butter က ပြော ပါတယ်။လက်ကိုင်ဖုန်း တွေက လူတွေရဲ့ဘ၀ကို ယခုလို လျှင်မြန်စွာနဲ့ ကြီး စိုး သိမ်းပိုက် သွားတဲ့ အခါ ဒီနည်း ပညာက နှိုင်းရ သဘောအားဖြင့် အသစ် ဖြစ်နေ သေးတယ် ဆိုတာ အလွယ် တကူမေ့လျော့ သွားနိုင် ပါတယ်။ ပထမဆုံး iPhone က လွန်ခဲ့တဲ့ ရှစ်နှစ် ကမှ ထွက်ရှိ ခဲ့တာဖြစ်ပြီး ယခုအခါ မှာတော့ အမေရိကန် လူဦးရေရဲ့ တစ်ဝက် ကျော်ကျော်က စမတ်ဖုန်း တစ်လုံး ပိုင်ဆိုင်နေ ကြပါပြီ။ ဒါပေမယ့် လူတွေက မိုဘိုင်းလ် screen ကို ကြည့်ရှုရင်း အချိန်ကုန် ဆုံးစေတဲ့ အတိုင်း အတာ တစ်နေ့ကို သုံးနာရီ နီးနီးရောက်နှင့် ပြီးနေပါပြီ။ ဒါက သူတို့ ဖုန်းပေါ်မှာ အမှန်တ ကယ် စကားပြောတဲ့ အချိန် မပါသေး ပါဘူး။မကြာသေးခင်က Bank of Ameraica ကပြုလုပ်ခဲ့တဲ့ လေ့လာချက် စစ်တမ်းအရ ဖြေကြားသူတွေရဲ့ သုံးပုံတစ်ပုံဟာ သူတို့ရဲ့စမတ်ဖုန်းတွေ အမြဲမပြတ်စစ်ဆေးနေကြတယ်လို့ ပြောပါတယ်။ သုံးပုံနှစ်ပုံကျော် ကျော်က သူတို့ရဲ့အိပ်ရာဘေးကို စမတ်ဖုန်းယူဆောင်အိပ်စက်တယ်လို့ ဖြေကြားပါတယ်။ ဒီလိုမျိုးအကျင့်ဆိုးတွေကို လျှော့ချပယ်ဖျောက်နိုင် ဖို့ လူတွေကိုကူညီခြင်းအားဖြင့် ရလာနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အရေးတွေကို ကုမ်္ပဏီအသစ်တွေက မြင်လာကြပါတယ်။“နည်းပညာရဲ့ ဆင့်ကဲတိုးတက်ဖွံ့ဖြိုးမှုနှုန်းက အရမ်းကိုလျင်မြန် တာကြောင့် ထိန်းချုပ်လိုမရနိုင်အောင် ဖြစ်လာတယ်။ ဒါက လူတွေရဲ့ ဘ၀တွေအပေါ် ဘယ်လိုရိုက်ခတ်လာမလဲဆိုတာ မစဉ်းစားဘဲ မနေ နိုင်အောင်ဖြစ်လာကြတယ်”လို့ဗြိတိသျှက Kovert ကို ထူထောင်သူ Kate Unsworth ကပြောပါတယ်။ ဒီကုမ်္ပဏီကလည်း အရေးအကြီး ဆုံး ကိစ်္စတွေကလွဲလို့ ကျန်တာအားလုံးစစ်ချဖယ်ထုတ်ပေးတဲ့ အဆင့် မြင့်နည်းပညာသုံး လက်ဝတ်ရတနာတွေပြုလုပ်ပါတယ်။ဒီစိတ်အာရုံအနှောက်အယှက်တွေကို လျှော့ချပေးတဲ့ ထုတ်ကုန် ပစ္စည်းများစွာဟာ ကြီးထွားလာနေတဲ့ “၀တ်ဆင်နိုင်တဲ့ နည်းပညာ” နယ်ပယ်အထဲမှာ ရှိပါတယ်။ Apple Watch လို Smartwatches တွေက ဖုန်းကိုစစ်ဆေးကြည့်ရှုတာထက် တစ်ချက်စောင်းငဲ့ကြည့်ဖို့ ရာကို အားပေးဖို့ ဒီဇိုင်းဆင်ထားတယ်။ ပြီးခဲ့တဲ့လကတော့ Google ရဲ့ နာမည်ကျော်ဂျင်းအ၀တ်အထည် ကုမ္ပဏီ Levi တို့ကလူတွေ အနေနဲ့ ဂျက်ကက်အင်္ကျီလက်ကောက်ဝတ်ကို ယမ်းလိုက်တာနဲ့မြည် နေတဲ့ဖုန်းကိုပိတ်ပေးမယ့် အဆင့်မြင့်နည်းပညာသုံး အ၀တ်အထည် တွေအတွက် အစီအမံကိုကြေညာခဲ့တယ်။“ကျွန်တော်တို့ နှစ်သက်မြတ်နိုးပြီးသား အ၀တ်အထည်တွေက ဒီနေ့ခေတ် ဒစ်ဂျစ်တယ်ကမ်္ဘာကြီးမှာ အကောင်းဆုံးနဲ့ အလိုအပ်ဆုံး အရာတွေထောက်ပံ့ပေးနိုင်ဖို့ အခွင့်အလမ်းရှိလာမယ်ဆိုရင် ကျွန်တော် တို့နဲ့ ညစာအတူစားနေတဲ့သူတွေနဲ့ မျက်လုံးချင်းဆုံတွေ့မှုကို ဆက် ထိန်းထားနိုင်မယ်ဆိုရင် ဒါက တကယ့်စစ်မှန်တဲ့ တန်ဖိုးဖြစ်လာမှာပါ” လို့ Levi ရဲ့ ကမ္ဘာလုံးဆိုင်ရာထုတ်ကုန် ဆန်းသစ်တီထွင်မှု ဌာနအကြီး အကဲ Paul Dillinger က ပြောပါတယ်။Offtime လို့ခေါ်တဲ့ application က သုံးစွဲသူအနေနဲ့ သူတို့ အလွန်အကျွံအသုံးပြုတဲ့ app တွေရယူသုံးစွဲမှုကို ကန့်သတ်ပြီး သူတို့ ရဲ့ဖုန်းအပေါ်အချိန်ဘယ်လောက်ကြာကြာ သုံးစွဲတယ်ဆိုတာ အချိန် ဇယား chart ဆွဲပေးပါတယ်။ Moment လို့ခေါ်တဲ့ အခြား app ကတော့ ဖုန်းသုံးစွဲမှုနှုန်းကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေမျှပြီး ဘယ်သူကဖုန်းကို အချိန်အနည်းဆုံးသုံးသလဲဆိုတဲ့ ကစားပွဲကိုယှဉ် ပြိုင်ဖို့ အားပေးပါတယ်။ ပြီးတော့ မကြာသေးခင်က နယူးယောက်မြို့ က ဒီဇိုင်နာကLight Phone လို့ခေါ်တဲ့ ပရောဂျက်ပြုလုပ်ဖို့ အများ ပြည်သူရန်ပုံငွေစုဆောင်းမှု အောင်မြင်ပြီးစီးခဲ့တယ်။ ဒီအကြွေးဝယ် ကတ်အရွယ်ဖုန်းက ဖုန်းလက်ခံတာနဲ့ခေါ်ဆိုတာကလွဲလို့ ကျန်တဲ့ဘာမှ မလုပ်ဘဲ ဖြစ်နိုင်သမျှအနည်းဆုံးသာ သုံးစွဲဖို့ ဒီဇိုင်းဆင်ထားပါတယ်။အထူးခြားဆုံးဖြစ်ကောင်းဖြစ်နိုင်တာက NoPhone ပါ။ ၁၂ ဒေါ် လာတန်ပလပ်စတစ်တုံးက စမတ်ဖုန်းတစ်လုံးနဲ့တူပေမယ့် ဘာဆိုဘာမှ ကိုပြုလုပ်မပေးပါဘူး။ ဒီပစ္စည်းကို ဖန်တီးတဲ့ နယူယောက်ကြော်ငြာ အေဂျင်စီက art director Van Gould က NoPhone ကို လုံးရေ၃,၂၀၀ နီးနီး ရောင်းရပြီးပြီလို့ ဆိုပါတယ်။ သူက ဒါကိုဖုန်းစွဲလမ်းမှု ကို ပယ်ဖျောက်ချင်ပေမယ့် လက်ထဲတစ်ခုခုကိုင်မထားရဘဲ အိမ်က ထွက်ခွာလာရမှာကို ကြောက်လန့်နေသူတွေအတွက် အသုံးဝင်မယ့် ပစ္စည်းအဖြစ် ဈေးကွက်တင်ခဲ့ပါတယ်။ များစွာသောသူတွေကတော့ ဒီလိုမျိုး ပစ္စည်းကိုထုတ်လုပ်သူတွေကိုရော ၀ယ်ယူသူတွေကိုပါ ရယ်စ ရာအဖြစ်ရှုမြင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့် “လူအများစုကတော့ ဖုန်းစွဲလမ်းမှုဟာ တကယ်ရှိတဲ့အရာလို့မထင်ကြဘူး။ နောက်တော့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ် အလေးထားမှုတွေ ပျက်ယွင်းမှာစိုးလို့ ပလပ်စတစ်စတွေ ၀ယ်ယူလာရတဲ့အထိ မျက်ကလူးဆန်ပြာဖြစ် လာမယ်လို့ Gould က ပြောပါတယ်။ဆန်ဖရန်စစ္စကိုမြို့ University of California က အာရုံကြော ပညာရှင်နဲ့ ပါမောက္ခဖြစ်သူ Adam Gazzaley က “လူတွေက ဒီနည်း ပညာကို နှစ်သက်မြတ်နိုးပါတယ်။ ဒါပေမယ့် ပေးဆပ်ရမှုတွေရှိနေသလိုပဲ။ သမီးရည်းစား၊ လင်မယားဆက်ဆံရေးပဲဖြစ်ဖြစ်၊ အလုပ်အတွက် ပဲဖြစ်ဖြစ်၊ ကားမောင်းရင်းစာရိုက်လို့ ဘေးကင်းလုံခြုံရေးအတွက်ပဲဖြစ် ဖြစ် ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ စပြီးပြောလာတဲ့သူတွေများလာ တယ်”” လို့ ပြောပါတယ်။Apple မတိုင်ခင်နေ့ရက်တွေတုန်းက လူတွေဟာ သူတို့လိုချင် တာကိုအွန်လိုင်းအပေါ်ကရှာပါတယ်။ ပြီးတော့ ဒီလောက်နဲ့တင် ပြီးသွားပါတယ်။ ဒါပေမယ့်အခုတော့ အင်တာနက်က ရွှေ့ပြောင်းနိုင် တဲ့ မိုဘိုင်းလ်ကိရိယာပုံစံပိုဖြစ်လာတဲ့အခါ ကုမ်္ပဏီတွေက အသုံးပြု သူတွေရဲ့ နောက်ကြောင်းရာဇ၀င်နဲ့ ကြိုက်နှစ်သက်မှုတွေ ခြေရာခံ လိုက်ဖို့ပိုပြီး အဆင့်မြင့်စွမ်းဆောင်နိုင်လာတယ်။ ဒီအခါမှာ နည်းပညာက Google ရှာဖွေမှုကနေ လူတွေဘက်က “ဆွဲယူ” မှုပုံစံမျိုးဆက်ဖြစ် မနေတော့ပါဘူး။ အဲဒီအစား လူတွေဘက် “တွန်းပို့” တဲ့ပုံစံပိုဖြစ်လာ ပါတယ်။ စမတ်ဖုန်း notification တွေဟာ ဖုန်းတွေကို မီးလင်းပြီး အသံမြည်စေတဲ့အတွက် သတိမထားမိဘဲ နေနိုင်မှာမဟုတ်လို့ပါပဲ။အချို့သောထုတ်ကုန်တွေက မျှခြေတစ်ခုကိုရှာတွေ့ဖို့ကြိုးစား နေပါတယ်။ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်တစ်မျိုးဖြစ်တဲ့ Google Now လိုမျိုးဖြစ်ပါတယ်။ ဒီ app က တည်နေရာLocation, Gamil နဲ့ ရှာဖွေကြည့်ရှုမှု activity တွေအသုံးပြုပြီး user က နောက်ဆက်ပြီးဘာကို လိုချင်မလဲဆိုတာ ခန့်မှန်းချက်ထုတ်ပါတယ်။ ဒီစိတ်ကူးအိုင်ဒီယာက လိုအပ်တဲ့အချိန်ကျမှ ကြားဝင်နှောက်ယှက်ဖို့ ဖြစ်ပါတယ်။ “ကျွန်တော်က ကျွန်တော့်ကလေးရဲ့မွေးနေ့ကို မေ့တော့ မလိုဖြစ်နေပြီး အဲဒီအတွက် တစ်ခုခုမလုပ်ဘဲနေတဲ့အခါ ဖုန်းက သတိ ပြုမိလောက်အောင် အသည်းအသန်သတိပေးတာမျိုး ကျွန်တော်လို ချင်ပါတယ်” လို့ Google ရဲ့ Senior vice president of productဖြစ်သူ Sundar Pichai က ပြောပါတယ်။ဒါက စီးပွားရေးလုပ်ငန်းအပိုင်းအရ အဓိပ္ပါယ်ရှိပါတယ်။ အသုံး ပြုသူတွေရဲ့ဘ၀အထဲ Google က မွှေနှောက်ရှာဖွေတာကို လူတွေက ပိုပြီးယုံကြည်လာလေလေ သူတို့က Google Calendar နဲ့ Gmail app တွေပိုတိုးပြီး သုံးလာလေလေပါပဲ။ ပြီးတော့ Google ကသူ့ရဲ့ user တွေအကြောင်းကို ပိုပြီးနားလည်လာတဲ့အခါ သူ့ရဲ့ ကြော်ငြာတင်ဆက်မှု advertising engine ကို ပိုပြီးအနုစိတ်ချိန်ညှိလာနိုင်မှာဖြစ် ပါတယ်။Pichai ရဲ့ တွေးခေါ်စဉ်းစားပုံက လူတွေကို ရွေးချယ်စရာတွေ အများကြီးပေးထားပြီး သူတို့ဘာသာသူတို့ တွက်ချက်ရွေးထုတ်နိုင်ဖို့ ပါပဲ။ “ကျွန်တော်တို့က user တွေကို အမှန်တကယ်ဗဟိုပြုတဲ့ ထုတ်ကုန်ပစ္စည်းတွေ ဒီဇိုင်းဆင်ဖို့လိုပါတယ်။ ပြီးတော့ user တွေအနေနဲ့ သူတို့ရဲ့ ဘ၀တွေကိုသူတို့ဘာသာ ရွေးချယ်ရှင်သန်ဖို့ ခြားထားတဲ့ မျဉ်းလိုင်းတစ်ခုရှိနေပါတယ်။ ဒါက သူတို့ရဲ့ရွေးချယ်မှုအရာသာဖြစ်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ညွှန်ကြားတဲ့ ပုံစံမျိုးမဖြစ်ဘဲ ဂရုစိုက်ချင်ပါ တယ်’’ လို့ Pichai က ပြောတယ်။ဒါပေမယ့် စမတ်ဖုန်းတွေဟာ လူသားတွေရဲ့အခြေခံအကျဆုံး လှုံ့ဆော်မှုတွန်းအားနှစ်ခုအတွက် အကြီးအကျယ်ဖြေသိမ့်ပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ University of Kansas က စိတ်ပညာ ပါမောက္ခ Paul Atchley က ပြောပါတယ်။ စိတ်အာရုံပျံ့ လွင့်နစ်မျော စရာ အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာတွေ ရှာတွေ့ဖို့ရှာပုံတော် ခရီးနဲ့ လုပ်ငန်းတာဝန်တွေ အပြီးသတ်ဖို့ စစ်ဆေးပြီးကြောင်း သေချာစေချင် တဲ့ စိတ်ဆန္ဒတွေဖြစ်ပါတယ်။“ဒီကိရိယာတွေနဲ့အတူ ကျွန်တော်တို့ကဖြစ်မြောက်ပြီးစီးမှုရဲ့ စိတ်ကျေနပ်မှုသဘောကို တစ်မိနစ်အတွင်း အကြိမ်များစွာခံစားရနိုင်ပါတယ်။ ဦးနှောက်က ဒါကိုပဲပြုလုပ်ဖို့အသားကျသွားအောင် အမှန်တ ကယ်ပြုပြင်ခံရသလိုဖြစ်သွားပါတယ်။ ဆန်းသစ်ထူးခြားမှုတွေအဆက် မပြတ်ရှာဖွေနေရင်းက ဖုန်းကိုအောက်သို့ချထားဖို့ရာ ခက်ခဲအောင် လုပ်နေတယ်” လို့ သူကပြောတယ်။ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ Butter ဟာ အခြားများစွာ သော သူတွေမှာလည်းဖြစ်နေတဲ့ ဆရာဝန်ရဲ့တွေ့ဆုံအပြီး ထွက်လာ တဲ့အခါ လူမှုမီဒီယာတွေက နောက်ဆုံးအခြေအနေ update တွေ အသားငမ်းငမ်းဖြစ်နေကြောင်း တွေ့လာရတယ်။ သူဟာ ၀က်ဘ်ဆိုက်တစ်ခုကိုဖွင့်၊ ပြန်ပိတ်၊ ပြီးတော့ အသစ်တစ်ခုခုပေါ်လာမလား မျှော်လင့်ချက်နဲ့ ချက်ချင်းပြန်ဖွင့်အောင် တစာစာလုပ်နေတဲ့အကျင့်လည်း ရှိနေပါသေးတယ်။ စွဲနေတာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီအခြေအနေနဲ့တင် သူ့အနေနဲ့ Ringly ဆီက အကူအညီကိုရှာဖွေ ဖို့လုံလောက်တဲ့တွန်းအားရှိသွားပါတယ်။စိတ်ပညာ ပါမောက္ခ Atchley ကတော့ သံသယရှိနေပါတယ်။ “စွဲလမ်းမှုဆိုတာ ပြင်းထန်တဲ့တစ်ကိုယ်ရေကိစ္စဖြစ်ပါတယ်။ အောင်မြင်တဲ့ ကုသဖြေရှင်းမှုဆိုတာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်မကောင်းဆိုး ၀ါးကို ထိန်းချုပ်နိုင်ဖို့အတွက်နဲ့ပဲ သက်ဆိုင်ပါတယ်။ Message ကို စစ်ချဖို့ ပြင်ပနည်းလမ်းတွေအားကိုးလို့မရဘူးလို့ သူက ပြောပါတယ်။ ဘ၀နေနည်းအပေါ် နည်းပညာနဲ့ကြီးစိုးကျွန်ပြုမှုကို တွန်းလှန်ဖို့က ခိုင်မာတဲ့စိတ်ဓာတ်ခွန်အားနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

wan ku law