Saturday, August 1, 2015

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု

မြန်မာချစ်သူဟိုမွှေဒီမွှေ လုပ်ရင်းနဲ့ စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..သူ့အထဲမှာညွှန်းထားတာတော့ အကောင်းဆုံး Websites အခု ( ၁၈ ) လို့ပြောတာပဲ…နဂိုမူရင်းရေးထားတဲ့ သူကတော့ အခု ၂၀ ပါ.. ဒါပေမယ့် အဲဒီ့အထဲက တချို့ ဆိုဒ်တွေကမရှိတော့လို့ကျန်တာကလေးကိုပဲ ဖော်ပြလိုက်ပါတယ် .. Free Ebook Download ပါ .. Free နော် Free ..  ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့ အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

၁ ။http://www.freebookspot.inအဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။http://www.free-ebooks.netဒီဆိုဒ်မှာတော့ Online magazine တွေအပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..

၃ ။http://manybooks.netဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါဖတ်နိုင်ပါတယ် ..

၎ ။http://www.getfreeebooks.comဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။http://freecomputerbooks.comဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်းရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။http://www.freetechbooks.comဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။http://www.scribd.comဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်းရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။http://knowfree.netဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။http://www.onlinefreeebooks.netဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံက စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။http://www.memoware.comဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။http://www.zillr.orgဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကိုရရှိုနိုင်ပါတယ်..

၁၂ ။http://www.onlinecomputerbooks.comဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကိုရရှိုနိုင်ပါတယ်.

.၁၃ ။http://www.snipfiles.comဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)

၁၄ ။http://www.bookyards.comဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။http://digital.library.upenn.edu/booksဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။http://www.asksam.com/ebooksဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။http://www.baen.com/libraryဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။http://www.ebooklobby.com

ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်းရှာနိုင်ပါတယ်…ကျွန်တော်အနေနဲ့လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..အဆင်ပြေပါစေလို့ ဆုတောင်းလျက် …

Wan ku law

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေန

်မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင်အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။ပျူရှေးဟောင်း မြို့တော်များ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ‘ဟန်လင်း’၊ မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်ရှိ‘ဗိဿနိုး’နှင့် ပြည်ခရိုင် မှော်ဇာရှိ ‘သရေခေတ္တရာ’ မြို့ဟောင်းများသည် နှစ်ပေါင်း ၂ဝဝဝ ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဟု ပညာရှင်များက သဘောတူထားကြ။ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO သို့ အဆိုတင်သွင်းသွားမည်ဟု မြန်မာနိုင်ငံ ရှေးဟောင်း သုသေသနဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ညွှန်ကြားရေးမှုးချုပ် ဦးကျော်လင်းဦး က ပြောသည်။ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင်အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရ (Photo : http://www.taungdwingyi.net)“ကျနော်တို့ UNESCO ကို အဆိုပြု Nomination တင်ထားဖို့အတွက် လုပ်နေပါတယ်။ စက်တင်ဘာမှာ တင်ပြီးရင်တော့ UNSECO ဘက်ကနေ ကျနော်တို့ဆီ လာပြီး စစ်ဆေးတဲ့ အနေအထား ရောက်လာပါမယ်” ဟု မဇ္ဈိမကို ပြောသည်။အကယ်၍ UNESCO မှ အသိအမှတ်ပြုခံရပါက နိုင်ငံတော်အဆင့်မှ ဒေသလူမှုအဖွဲ့အစည်း အဆင့်အထိခံစားခွင့်များ ရရှိလာမည်ဖြစ်ကာ ခရီးသွားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးများလည်း တိုးတက်လာမည်ဟု သိရသည်။“ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ စနစ်တကျ ဆောင်ရွက်လာနိုင်မယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို တခြားမှာရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအဆင့်အတန်းမှာ မနိမ့်ဘူးဆိုတဲ့ အနေအထားကို တကမ္ဘာလုံးက သိလာမယ်” ဟု ဦးကျော်လင်းဦး က ဆက်ပြောသည်။၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ကတည်းက ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် UNESCO မှ အငြိမ်းစားယူထားသည့်ပညာရှင် များ အပါအဝင် ပြည်တွင်း ပြည်ပမှ သမိုင်း၊ ရှေးဟောင်း သုသေသန၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေး ပညာရှင်များနှင့် တွဲဖက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။အဆိုပါ ပျူရှေးဟောင်း မြို့တော်များ စနစ်တကျပြုပြင်ထိန်သိမ်းနိုင်ရေး၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေးအတွက် အီတလီအစိုးရက ယူရိုငွေ လေးသိန်း ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ထို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ပျူမြို့များအပြင် မြန်မာနိုင်ငံမှ “အင်းဝ၊ ပြဒါးလင်းဂူတို့ ရခိုင်ပြည်နယ်ကမြောက်ဦးတို့ ပြီးတော့ သဘာဝနဲ့ယဉ်ကျေးမှုနဲ့ ပေါင်းစပ်နေတဲ့ အင်းလေးကန်တို့ ဖြစ်သင့်တယ်” ဟု ဦးကျော်လင်းဦး က ပြောသည်။ပျူလူမျိုးများသည် ယခုအခါတွင် တိမ်ကောပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်းကာလ က များစွာ အရေးပါခဲ့သော တိုင်းရင်းသား လူမျိုးကြီးတမျိုး ဖြစ်သည်။အင်ဒိုအာရီယန် ယဉ်ကျေးမှုအားဆက်ခံထားသော အိန္ဒိယနိုင်ငံ အာသံနှင့် အရှေ့မြောက် အရပ်မှ တိဗက်ဗမာ အနွယ်ဝင် ပျူလူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ အစုစုကွဲ၍ ဝင်ရောက်ခဲ့ကြကာ မြေညီမြစ်ဝှမ်းဒေသများတွင် အခြေချနေထိုင်လာခဲ့ကြသည်ဟု ဗန်းမော်တင်အောင် ၏ ‘ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း’ စာအုပ်တွင် ရေးသားထားသည်။၎င်းတို့၏ မြို့ပြနိုင်ငံများကို မြန်မာနိုင်ငံ မြေညီမြစ်ဝှမ်း အရပ်ဒေသများ၌ စည်းရုံးထူထောင်ခဲ့ကြကြောင်း တရုတ် မှတ်တမ်းများအရ မြို့ကြီး ငါးမြို့နှင့် ပြည်နယ်လေးပေါင်း ၁၈ နယ်မျှပင် ရှိသည်ဟုဆိုသည်။မြန်မာရာဇဝင်ဟောင်းများအရမူ ဟန်လင်း၊ သရေခေတ္တရာနှင့် ပန်ထွာ (ဗိဿနိုး)မြို့များ ရှိခဲ့သည်ဟု ဆိုသည်။သို့သော် အစုစုကွဲနေသော မြို့ပြများအား စုစည်းညီညွတ်သော နိုင်ငံတော်အဖြစ်မူ သိမ်းသွင်းစည်းရုံးနိုင်ခြင်း မရှိခဲ့ကြပေ။မြန်မာသမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကလည်း ‘ပျူတွေ ဘယ်ရောက်သွားပြီလဲ’ ဟူ၍ စာအုပ်ပြုစု ထုတ်ခဲ့ဖူး သည်။ပျူရှေးဟောင်းမြို့ဟောင်းများအကြောင်း စာအုပ်စာတမ်းရေးသားထုတ်ဝေသည့် ဥရောပနိုင်ငံများမှ ပညာရှင် အများအပြားလည်း ရှိနေပြီး ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်လည်ပတ်ရန် စိတ်ဝင်စားသည့် နေရာများဖြစ်နေကြောင်း သိရသည်။

Wan ku law

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော

Written by စိုးစိုး

(အင်္ဂပူ)ရီလေတီဗီတီနှင့် အလင်းအလျင်အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။အခြေခံပညာအထက်တန်း  ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမား ကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်းပါဝင်တည်ရှိနေပါတယ်။မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။အဲဒီအယူအဆပေါ် အခြေခံပြီး ‘အမွှာဝိရောဓိ’ ဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်…”အစ်ကိုကလည်း ပြောပြောလိမ့်မယ်။“ဟင် ခင်ဗျားက ကျုပ်ညီလား… ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အမွှာညီရဲ့ အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည် အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန်  ဖြစ်နေပါတော့မယ်။အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာမဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနိုနယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါဝင်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနို နဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေပြုလုပ်နေကြပါပြီ။သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့ နားလည်ထားတဲ့ ကျွန်ုပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။

Wan ku law

ကမ္ဘာ့ဘဏ်ရုံးခွဲ မြန်မာပြည်တွင် ဖွင့်မည်

နိုင်ငံတကာငွေကြေး အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနှင့် အဆက်အသွယ်များ ပြန်လည်ပြုလုပ်၍ လာမည့် ဇွန် လ အတွင်း ရုံးပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ Pamela Cox (ဓာတ်ပုံ - Reuters)အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ Pamela Coxက“ပုံမှန်ဆက်ဆံရေးအတွက် အကြွေးအမြီတွေ ဘယ် လောက် တင်နေလဲ၊ ဘယ်လောက်ပြန်လျှော်ရမယ် ဆိုတာတွေကို လေ့လာဖို့ ရုံးဖွင့်တာပါ”ဟု ဆိုသည်။ထို့အပြင် ဖွံဖြိုးရေး အကူအညီများ၊ စီမံခန့်ခွဲမှုအပိုင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်း စသည်တို့တွင် လေ့လာဆန်းစစ်သွားမည်ဖြစ် ကြောင်း Pamela Coxက ဆက်လက်ပြောဆိုသည်။နိုင်ငံ့ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သည့် အကြံဉာဏ်များနှင့် မြန်မာလုပ်သားများ၏ အရည်အသွေး ပိုမို မြင့် မားလာစေရေးအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ အမေရိကန်ဒေါ်လာ ၃၉၃ သန်း၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB)သို့ ဒေါ်လာသန်း ၅၀၀ ကြွေးမြီ ပေး ဆပ်ရမည်ဖြစ်ပြီး ထိုကြွေးကျန်များကို မပေးဆပ်သည့်အတွက် ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က အဆက်အသွယ်ဖြတ်ခဲ့သည်။ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် အစိုးရ လက်ထက်က ကမ္ဘာ့ဘဏ် အကူအညီဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ADB အကူအညီဖြင့် လမ်းများဖောက်လုပ်ခြင်း စသည့် စီမံကိန်းများကို ပြုလုပ်ခဲ့ဖူးသည်။စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကလည်း ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်ခြင်းကို ကြိုဆို ကြောင်းပြောသည်။“အခုလို ဆက်ဆံတာအရမ်းကောင်းတယ်၊ သူတို့ဆီက ချေးငွေက ပုံမှန်အတိုးနှုန်းထက် လျှော့ယူတဲ့ Soft Lone တွေဆိုတော့ တိုင်းပြည် တိုးတက်ရေးအတွက် ဆက်ဆံသင့်တယ်”ဟု ဦးမြင့်က ဆိုသည်။ကမ္ဘာ့ဘဏ်၏ အဓိကအလှူရှင်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့အရေးယူမှု တချို့ကို လျှော့ပေါ့ပေးခဲ့သေးသည်။ အလားတူ ဥရောပသမဂ္ဂ(EU)ကလည်း ပိတ်ဆို့အရေးယူမှုများကို တနှစ်ရုပ်သိမ်းပေးခဲ့သည်။ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်လည်း မြန်မာ့ ငွေကြေး ရောင်းဝယ်ရေး နှုန်းထား ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည် ဖော် ခဲ့ပြီ ဖြစ်သည်။သမ္မတ ဦးသိန်းစိန်၏ ပြီးခဲ့သည့် ရက်ပိုင်း သွားရောက်ခဲ့သော ဂျပန်နိုင်ငံခရီးစဉ်တွင်လည်း ကြွေးမြီ ဂျပန် ယန်း ၁၂၇.၄ ဘီလျံနှင့် နောက်ကျကြေး ၁၇၆.၁ ဘီလီယံ ကို လျှော် ပေးခဲ့သေးသည်။